လုပ်ငန်းခွင်အန္တရာယ်ကင်းရှင်းရေးလက်စွဲ(ဆောက်လုပ်ရေး) [အေးငြိမ်း(လေးမျက်နှာ)]
ဆောက်လုပ်ရေးလုပ်ငန်းခွင်အတွင်း လုပ်ငန်းတာဝန်အသီးသီးကို လုပ်ကိုင်ဆောင်ရွက်လျက် ရှိကြသော အလုပ်သမားများ၊ ဝန်ထမ်းများ၊ ကြီးကြပ်သူများ၊ တာဝန်ခံအရာရှိများ အားလုံးအနေဖြင့် မိမိတို့ အန္တရာယ်ဖြစ် မည့် အရေးကို မိမိတို့ကိုယ်တိုင် သိရှိပြီး ကြိုတင်ကာကွယ်၍ ရနိုင်သည်များကို ကြိုတင်ကာကွယ်နိုင်ရန်အတွက် လိုအပ်သော အချက်အလက်များကို အခန်းပေါင်း ၁၈ ခန်းဖြင့် အသေးစိတ်ဖော်ပြထားသည်။
လုပ်ငန်းခွင်တစ်ခုအတွင်း ပါဝင်ဆောင်ရွက်နေကြသော အလုပ်သမားမှသည် လုပ်ငန်းရှင်အထိ မဖြစ်မနေ သိရှိထားရန် လိုအပ်သည့် တာဝန်နှင့် ဝတ္တရားများအကြောင်းကို တစ်ဦးချင်းစီအတွက် အသေးစိတ်ဖော်ပြထား သည်။ ထို့ပြင် လုပ်ငန်းခွင်နှင့် ပတ်သက်ဆက်နွယ်သော ပတ်ဝန်းကျင်၏ အန္တရာယ်ကင်းရှင်းရေးကိုပါ ထည့်သွင်း တွက်ချက် ဆောင်ရွက်ရန်နှင့် လိုအပ်သော စည်းမျဉ်းစည်းကမ်းများ ချမှတ်ဆောင်ရွက်ရေး၊ ဆောက်လုပ်ရေး လုပ်ငန်းခွင်အတွင်းရှိ လုပ်ငန်းတစ်ခုချင်းအလိုက် လူတစ်ဦးချင်းစီက အန္တရာယ်ကင်းစွာ အလုပ်လုပ်ရမည့် နည်း စနစ်များကို အသေးစိတ် ရှင်းလင်းဖော်ပြထားသည်။
စာရေးသူသည် စင်ကာပူတွင် လုပ်ငန်းခွင်အန္တရာယ်ကင်းရှင်းရေး အရာရှိအဖြစ် အလုပ်လုပ်ကိုင်နေသော ကြောင့် စင်ကာပူနိုင်ငံ၏ လုပ်ငန်းခွင်အန္တရာယ်ကင်းရှင်းရေးစနစ်နှင့် ပိုမို ရင်းနှီးကျွမ်းဝင်သောကြောင့် ဤစာအုပ် တွင် စင်ကာပူမှ ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်း၊ စည်းမျဉ်းစည်းကမ်းများပေါ် အခြေခံလျက် ရေးသား ဖော်ပြထားပါသည်။ သို့သော်လည်း အမေရိကန်၊ အင်္ဂလန်၊ ကနေဒါ စသော နိုင်ငံကြီးများ၏ နည်းနာ နိဿယျ များကိုလည်း သင့်တော်ရာနေရာများတွင် ထည့်သွင်း ဖော်ပြထားပါသည်။
ရည်ညွှန်းကိုးကား စာအုပ်စာရင်းနှင့် Website များကို သက်ဆိုင်ရာ အခန်းဆုံးများနှင့် နောက်ဆုံးတွင် ဇယား နှင့် ဖော်ပြထားပါသည်။
လုပ်ငန်းခွင်အန္တရာယ်ကင်းရှင်းရေးလက်စွဲ(ဆောက်လုပ်ရေး)
======================
စာရေးသူ–အေးငြိမ်း(လေးမျက်နှာ)
စာမျက်နှာ–420
----------------------------------------------------
Reviews
Customer reviews for this title will appear here once the reviews API is available. Home-page testimonials are configured separately for now.